TOC

This article is currently in the process of being translated into Burmese (~96% done).

Introduction:

What is MVC?

Model-view-controller ကို အတိုကောက်ခေါ်တဲ့ MVC ဆိုတာဟာ ၁၉၇၀ လောက်က ရေးခဲ့တဲ့ မူရင်း Software pattern တစ်မျိုးဖြစ်ပါတယ်။ အဲ့ဒီ ၁၉၇၀ခုနှစ်မှာ User Interface ဒီဇိုင်းတွေက Development အဆင့်ရဲ့ အစောပိုင်းအဆင့်တွေမှာ အရင် စ လုပ်ရတာပါ။ MVC က application တစ်ခုကို Area သုံးခု ခွဲခြားပေးပါတယ်။

The Model

ဒီ Area က ဒေတာနဲ့ Business Logic တွေကို သိမ်းထားပေးတဲ့ နေရာပါ။ ပုံမှန် Web application မှာ ဒီနေရာက မင်းရဲ့ application က သုံရးမယ့် Objects တွေ Database Table တွေထားတဲ့နေရာဖြစ်တယ်။

The View

View ဆိုတာ Model ကို ပကတိအမြင်အတိုင်း ပုံပေါ်အေင် ပုံဖော်ပေးတာပါ။ ပုံမှန် web application တစ်ခုမှာ Model ကို User ကို ပြဖို့ Page ကိုပြောတာ ဖြစ်တယ်။ အဲ့ဒီ Page က ဒေတာတွေ သွင်းဖို့ ဖောင်တစ်ခု ဖြစ်နိုင်သလို ဒေတောပြဖို့ လုပ်ထားတာလည်း ဖြစ်နိုင်သလို ၂မျိုးစလုံးလည်း ဖြစ်နိုင်ပါတယ်။ တခု သိရမှာက View မှာ Model ထဲက ဒေတာတွေအကုန် ပြစရာမလိုသလို Model မှာ တော့ View တစ်ခုထက်မက ရှိနိုင်ပါတယ်။

The Controller

Controller က Modelနဲ့ View ကြားမှာ အချင်းချင်းဆက်သွယ်တာကို ကြားခံ လုပ်ဆောင်ပေးတာပါ။ ပုံမှန် web application မှာ page တစ်ခုတက်လာတဲ့အခါ ခလုတ်တစ်ခုကိုနှိပ်လိုက်တဲ့အခါမျိုးမှာ Controllerမှာရှိတဲ့ methodတွေကို user က သွားခေါ်လိုက်တယ်။ အဲ့လိုအခေါ်ခံလိုကရတဲ့ Controllerက Model ကို (လိုအပ်ရင်လိုအပ်သလို) update သွားလုပ်တယ်။ ပြီးတော့မှ View အသစ်တစ်ခုကို Return ပြန်ပေးတယ်။ ဒါမှမဟုတ် Action တစ်ခုကို Return ပြန်ပေးပါတယ်။

MVC အသုံးများလာမှု

MVC ကို ၁၉၇၀ လောက်က စတင်မိတ်ဆက်ပြီးတဲ့နောက် နှစ် ၃၀ အထိကို MVC pattern ကို လူတွေသိပ်အာရုံမစိုက်မိခဲ့ကြဘူး။ Perl, PHP and ASP Classicတို့လို အစောပိုင်း web language တွေက Design Pattern တွေအပေါ် သိပ် အလေးမထားကြဘူး။ ASP.NET ထုတ်ပြီးတာတောင်မှ MVC က ASP.NET နဲ့ မပေါင်းထားရသေးပါဘူး။ MVC နည်းပညာတွေကို မင်း Project မှာ ထည့်သုံးလို့ရတယ်။ ဒါပေမယ့် ဘယ်နာမည်ကြီး framework တွေကမှ MVC နည်းပညာကို ထည့်မသုံးခဲ့ကြပါဘူး။

နောက်တော့ ၂၀၀၄ ခုနှစ်လောက်မှာ Ruby on Rails frameworkထွက်လာတယ်။ အဲ့ဒီ framework က MVC pattern ပုံစံကို အများဆုံး ယူထားတဲ့ Ruby lanagugeကိုအခြေခံထားတဲ့ Web development framework ဖြစ်တယ်။လူတွေက MVC ကို ထည့်ရမယ်လို့ ယုံကြည်လာကြပြီးတဲ့နောက်မှာ MVC pattern ပုံစံကို သုံးတဲ့ PHP frameworkတွေတော်တော်များများကို ထုတ်လာကြတယ်။ အဲ့ဒီ MVC Pattern သုံးတဲ့ framework တွေ အရမ်း ခေတ်စားလာတော့ Microsoft ကလည်း .NET framework မှာ Visual Studio IDE.အတွက်လိုတဲ့ tools တွေ့အပြင်ကိုMVC Pattern ပါ ထည့်ရေးဖို့ စဉ်းစားလာတယ်။ ASP.NET MVCကို 2007 မှာ ထုတ်ခဲ့တယ်။ ,၂၀၀၉ ခုနှစ်မတိုင်ခင်အထိ ဗားရှင်းက လူတွေ သိပ်မသုံးခဲ့ကြဘူး။

နောက်လာမဲ့အခန်းတွေမှာ ASP.NET MVC ဆိုတာ ဘာလဲဆိုတာရယ် ASP.NET WebForm အဓိက ပါဝင်တဲ့တခြား framework တွေနဲ့ ဘယ်လိုနှိုင်းယှဉ်မလဲဆိုတာရယ်ကို အသေးစိတ် ဖတ်ရပါမယ်။


This article has been fully translated into the following languages: Is your preferred language not on the list? Click here to help us translate this article into your language!